After Sale Serviceအနေဖြင့် Customer များအတွက် ရုံးချိန်အတွင်း Service ပေးနိုင်ရန် အချိန်တိုအတွင်း ကျွမ်းကျင်ဝန်ထမ်းများဖြင့်တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိပါသည်။
ရုံးချိန်မဟုတ်သည့် အရေးပေါ်လိုအပ်ချက်များဖြစ်ပေါ်လာပါက Service Team မှ အဆင်ပြေသောနည်းလမ်းများဖြင့် (Service Phone Call ဖြင့်သော်လည်းကောင်း၊ Online ဖြင့်သော်လည်းကောင်း၊ Technician မှ လာရောက်၍ သော်လည်ကောင်း) တာဝန်ယူဖြေရှင်းပေးပါသည်။
Customer များအနေဖြင့် Blue Ocean ICT Solution မှ Software များကို One Stop Service အနေဖြင့် အသုံးပြုလိုပါကလဲ တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိပါသည်။
One Stop Service အနေဖြင့် လူကြီးမင်းတို့၏လုပ်ငန်းအတွက်လိုအပ်သော Hardware ပစ္စည်းများ၊ Network System များ၊ လုပ်ငန်းနှင့်ပက်သတ်သော Data Entry သွင်းခြင်းများ၊ Training Service ပေးခြင်းများကို တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိပါသည်။
Software အသုံးပြုသူများအတွက် Service Team မှ တစ်ကြိမ်လျှင်အနည်းဆုံး၂နာရီဖြင့် ၇ကြိမ် Training အခမဲ့ပေးပါသည်။
Software အသုံးပြုနေစဥ်အတွင်း ဝန်ထမ်းအပြောင်းအလဲရှိ၍ Training ထပ်မံလိုအပ်လာပါကလဲ Company သို့ လာရောက်၍ Training ယူနိုင်ခြင်း (သို့) Service Team မှ Customerဆိုင်သို့ လာရောက်၍လည်း ဝန်ဆောင်မှုများပေးလျှက်ရှိပါသည်။
Training ပေးချိန်အတွင်း customer များ၏လုပ်ငန်း လိုအပ်ချက်နှင့်အညီ ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သလို ပြင်ဆင်ပေးပါသည်။
General Hardware Maintenance ပြုလုပ်ခြင်း၊ Windows တင်ခြင်း၊ Data Backup ပြုလုပ်ခြင်း၊ အခြားလိုအပ်သော Software များတင်ခြင်း၊ PC Error များဖြေရှင်းပေးခြင်း စသည်တို့ကို အချိန်တိုအတွင်း အမြန်ဆုံး ဆောင်ရွက်ပေးနေပါသည်။
Software System အသုံးပြုရန်လိုအပ်သည့် အရည်အသွေးကောင်းမွန်သော Desktop Computer များ၊ All in One Touch Computer များ၊ Printer များ၊ Tablet များကိုလည်း ကောင်းမွန်သော Warranty၊ ချိုသာသော စျေးနှုန်းများဖြင့် ရောင်းချပေးနေပါသည်။
Blue Ocean ICT Company မှဝယ်ယူထားသော
Hardware ပစ္စည်းများတစ်စုံတစ်ခု Error ဖြစ်ပေါ်ပါက အဆိုပါပစ္စည်းအား Service လုပ်နေစဥ် ကာလအတွင်း Company မှ အစားထိုးပစ္စည်းတစ်ခု ခေတ္တခဏ အသုံးပြုခွင့်ပေးသွားမည်ဖြစ်ပါသည်။